S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

S.1အပိုင်း13/14/15/16ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

    **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်** 
    ချင်မော့သည် ချီမိသားစု သားအဖနှင့် ဝမ်ထျန်းရှင်း အပါအဝင် နတ်ဘုရား၏ အစေခံများ လူ့လောကတွင် ကျူးလွန်ခဲ့သော ဆိုးသွမ်းမှုများကို ပြန်လည်တွေးတောရင်း နောင်တစ်ချိန်တွင် ၎င်းတို့အား မိမိ၏ဓားဖြင့် အပြတ်ရှင်းမည်ဟု သန္နိဋ္ဌာန်ချမှတ်လိုက်သည်။ ထို့နောက် လျူမိသားစုအိမ်ကြီးအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ဝမ်ထျန်းရှင်းအနေဖြင့် ခွေးဆိုးများနှင့် ကြွက်အုပ်များကို မည်သို့ထိန်းချုပ်နေသည်ဆိုသည့် လျှို့ဝှက်ချက်ကိုပါ သဘောပေါက် နားလည်လာခဲ့သည်။ ထိုစဉ် ဝတုတ် (မိတ်ဆွေငယ်) တစ်ယောက်တည်း အိမ်ကြီးထဲသို့ ရောက်ရှိလာခဲ့ရာ၊ ချင်မော့က အန္တရာယ်များကြောင်း ပြောဆိုကာ ပြန်သွားရန် သတိပေးခဲ့သည်။ သို့သော် ဝတုတ်ကမူ ချင်မော့အတွက် စိတ်ပူ၍ လိုက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် အားတိုးဆေးများ သောက်ထားသဖြင့် မည်သည့်သရဲမဆို ကြောက်ရလိမ့်မည်ဟု ဟာသနှောကာ တုံ့ပြန်ခဲ့သည်။ ထိုအခါ ချင်မော့က ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ရှောင်ယိကိုပါ ခေါ်ဆောင်ကာ ချက်ချင်း ပြန်သွားရန် ပြောလိုက်ပါတယ်။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68