S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68


 အပိုင်း 66 အကျဉ်းချုပ်

အင်အားကြီးမားလှသော မိစ္ဆာအုပ်စုကြီး၏ ဝိုင်းရံ ခြိမ်းခြောက်မှုကို ကြုံတွေ့လိုက်ရသည့်အခါ အချို့သော ကျင့်ကြံသူများသည် အကြောက်လွန်ကာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ထိုအန္တရာယ်မှ လွတ်မြောက်ပြီး အသက်ရှင်ကျန်ရစ်ရေးကိုသာ ပဓာနထားသူအချို့သည် လူသားမျိုးနွယ်ကို သစ္စာဖောက်ကာ မိစ္ဆာအုပ်စု၏ "တတိယမင်းသား" ထံ သွားရောက်ခိုလှုံရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျန်သူများက သစ္စာဖောက်မှုအပေါ် ကန့်ကွက်စွပ်စွဲကြသော်လည်း၊ ၎င်းတို့ကမူ မိမိတို့ အသက်ရှင်သန်ရေးထက် ဘာမျှ မရေးကြီးဟုဆိုကာ မိစ္ဆာတတိယမင်းသား၏ ရှေ့တွင် ဒူးထောက်အသနားခံ၍ ခိုင်းစေသမျှ အကုန်လုပ်ဆောင်ပါမည်ဟု ဝန်ခံကာ အသက်ချမ်းသာပေးရန် ယုတ်မာသိမ်ငယ်စွာ အသနားခံလိုက်ကြပြီးဘာ တွေဆက်ဖြစ်မလဲဆိုတာ အပိုင်း67/68ကိုဆက်ကြည့်ကြရ အောင်ဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70