S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

S.1အပိုင်း4/5/6ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

**ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်** နတ်ကျောင်းများနှင့် နတ်ဘုရားများ၏ သဘာဝမှာ လူသားတို့၏ ဝိညာဉ်နှင့် မူလစွမ်းအင်ကို စားသုံးကာ ဖိနှိပ်ထားကြခြင်းဖြစ်ပြီး၊ ထိုအမှောင်ခေတ်တွင် ပထမဆုံး နတ်သတ်အရာရှိ ပေါ်ပေါက်လာပုံကို ဆရာဖြစ်သူက ရှင်းပြခဲ့သည်။ ချင်မော့သည်လည်း နတ်သတ်အရာရှိ ဖြစ်လာစေရန်အတွက် သုံးလအတွင်း တာဝန်တစ်ခုကို ပြီးမြောက်ရမည်ဖြစ်ပြီး၊ မနက်ဖြန် မနက်ငါးနာရီတွင် ချီမိသားစု သားအဖနှစ်ယောက်၏ နှလုံးသားကို ယူဆောင်လာရန် စမ်းသပ်မှုနှင့် တာဝန်ကို လက်ခံခဲ့သည်။ ထို့နောက် တိုက်ခိုက်ရေးအတွက် "ကျားနက် နှလုံးဆွဲထုတ်ခြင်း" တိုက်ကွက်ကို လေ့လာပြင်ဆင်ခဲ့ပြီးနောက် ရှောင်လီတို့ မိသားစုထံ သွားရောက်ကြည့်ရှုခဲ့သည်။ သို့သော် ထိုအချိန်တွင် ချီမိသားစု၏ အုပ်ချုပ်ရေးမှူး လျိုလုံ ရောက်ရှိလာပြီး၊ အသက်ခုနစ်နှစ်သာ ရှိသေးသော ရှောင်လင်လေးကို ငွေစငါးဆယ်ပေး၍ အတင်းအကျပ် ခေါ်ဆောင်သွားရန် ကြိုးပမ်းလာသဖြင့် ကျန်းသူဌေးနှင့် အပြင်းအထန် ငြင်းခုန်ရန်ပွဲ ဖြစ်ပွားလာခဲ့ပြီးဘာတွဖြစ်လာမလဲဆိုတာvideoကိုအဆုံးထိကြည့်ရှုအား ပေးကြပါဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68