S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း 77 / 78


 အပိုင်း 76 ဇာတ်လမ်းအကျဉ်းချုပ်


      ဘေးထွက်ရိုက်ခတ်မှုဖြင့်ပင် သေစေနိုင်

လောက်အောင် ပြင်းထန်လွန်းသည့် စွမ်းအား

ကြီး တိုက်ပွဲကြီး ဖြစ်ပွားနေစဉ် ဝန်းရံကြည့်ရှု

သူများမှာ စိုးရိမ်တုန်လှုပ်နေကြသော်လည်း၊ 

လူသားမျိုးနွယ်၏ နံပါတ်တစ် နတ်ဘုရားခန္ဓာ

ပိုင်ရှင် ဖြစ်သူ အကြီးအကဲရှောင်း အနိုင်ရရှိ

မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် မျှော်လင့်

အားပေးနေကြသည်။

တစ်ဖက်တွင်လည်း ရန်သူဖြစ်သူက ရှောင်း

ချန်၏ ထင်မှတ်မထားသော စွမ်းအားလွန်ကဲ

မှုကို အံ့ဩစွာ အသိအမှတ်ပြုခဲ့ရပြီး၊ မိမိ၏ 

"ဓမ္မခန္ဓာ ရုပ်သွင်းပုံရိပ် (Dharma Body)" ကို 

ထုတ်သုံးရသည်အထိ ဖိအားပေးနိုင်ခဲ့

သည့်အတွက် ဂုဏ်ယူသင့်ကြောင်း ကြိမ်းဝါး

လိုက်သည်။ ထိုအခါ ရှောင်းချန်ကလည်း 

အမြင့်ဆုံး နဂိုစွမ်းအားများထဲမှ တစ်ခုဖြစ်

သည့် "ရွှဲန်ဟွမ် မိစ္ဆာနှိမ်နင်းခြင်း ပညာ" ကို 

စတင်ထုတ်သုံးလိုက်သဖြင့် နှစ်ဖက်စလုံး၏ 

အဆန်းကြယ်ဆုံး စွမ်းအားများဖြင့် 

အပြတ်အသတ် ရင်ဆိုင်ကြတော့မည့် ဇာတ်

ရှိန် အမြင့်မားဆုံး တိုက်ပွဲဝင် အခန်းတစ်ခန်း 

အဖြစ် အပိုင် 77/78 ကိုတူတူဆက်ကြည့်ကြ

ရအောင်ဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68