S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း 75/76


 အပိုင်း74ဇာတ်လမ်း အကျဉ်းချုပ်

     မိမိ၏ ရှေ့မှောက်တွင်ပင် သားဖြစ်သူများကို သုတ်သင်ခံလိုက်ရသည့် အင်အားကြီး ရန်သူသည် အလွန်အမင်း ဒေါသထွက်သွားပြီး ဘေးဒုက္ခရင်ဆိုင်အဆင့် စွမ်းအားဖြင့် တိုက်ခိုက် အပြစ်ပေးရန် ကြိုးပမ်းလာသည်။ ထိုအဆင့်အား ယှဉ်ပြိုင်နိုင်ရန်အတွက် "မဟာယာန ထိပ်သီးအဆင့်  သို့ ရောက်ရှိမှသာ စွမ်းရည်ရှိမည်ဖြစ်ကြောင်း ပြောပြီး

    ထို့အပြင် ရှောင်းချန် က ၎င်း၏ သားများထံမှ သွေးအဆီအနှစ်များကိုပါ သန့်စင်စုပ်ယူလိုက်သည့် လုပ်ရပ်ကြောင့် ရန်သူမှာ ဒေါသအပြည့်ဖြင့် နာကြည်းစွာ ကြိမ်းဝါးလိုက်ပြီး နှစ်ဖက်စလုံး၏ ထိပ်သီးစွမ်းအားများဖြင့် အပြတ်ရှင်းကြတော့မည့် ဇာတ်ရှိန် အမြင့်ဆုံးသို့ ရောက်ရှိသွားသည့် အခန်းတစ်ခန်း ဖြစ်

အပိုင်း 75/76မှာဘယ်လိုဖြစ်မလဲဆိုတာဆက်အားပေးကြပါအုံးဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68