S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း 63/64

 


အပိုင်း62ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်

လူသားမျိုးနွယ်တွင် နှစ်ပေါင်းသောင်းချီမှ 

တစ်ယောက်သာ ပေါ်ထွန်းလေ့ရှိသည့် "နတ်

ဘုရားခန္ဓာ" ပိုင်ရှင်အား သတ်ဖြတ်ရန်

အတွက် မိစ္ဆာဧကရာဇ်၏ သားတော်များနှင့် 

မိစ္ဆာမျိုးနွယ်များက ကြိုတင်ချောင်းမြောင်း 

စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုနေရာမှာ 

နယ်မြေဆန်း မဟုတ်ဘဲ လူသား ပါရမီရှင်များ

ကို သုတ်သင်ရန် မိစ္ဆာများ ပြင်ဆင်ထားသည့် 

သင်္ချိုင်းကုန်းနှင့် ထောင်ချောက်တစ်ခုသာ 

ဖြစ်ကြောင်း မိစ္ဆာများက ကြိမ်းဝါး

 လှောင်ပြောင်ခဲ့ကြသည်။

သို့သော်လည်း ရှောင်းချန်က ထိုနေရာသည်

 မိမိအား မျှားခေါ်ထားသည့် ထောင်ချောက်

တစ်ခုဖြစ်ကြောင်းကို  ရန်သူများ မရိပ်မိခင် 

ကတည်းက အစောတည်းက ကြိုတင် ရိပ်မိ

သိရှိထားခဲ့ပြီး ဖြစ်ကြောင်း အပိုင်း 63/64

ကိုဆက်ကြည့်ကြရအောင်ဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68