S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်ရေးထိုးမည့်သူရဲကောင်း ချင်မော့
ရှောင်းမိသားစုသည် စွမ်းအားထက်မြက်သည့် ပါရမီရှင်တစ်ဦးကြောင့် အမျိုးနွယ် တဟုန်ထိုး တိုးတက်ကြီးပွားနိုင်ခဲ့သော်လည်း၊ ထိုပါရမီရှင်အား မိသားစုမှ နှင်ထုတ်ခဲ့မိသည့်အတွက် မိမိတို့၏ ဘုန်းလက်ရုံးနှင့် အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ကြသည်။ ထိုမိုက်မဲမှုကြောင့် ရှောင်ဇန်ဘေးမင်းဆက်နှင့် ရှောင်းမိသားစု တစ်ခုလုံး ကျရှုံးပျက်စီးခြင်းသို့ ဆိုက်ရောက်သွားခဲ့ရသည်။
တစ်ဖက်တွင်လည်း အကြီးအကဲရှောင်း၏ အံ့မခန်း စွမ်းအားများကို မြင်တွေ့ရသူများက ချီးကျူးသေချာ ကြည်နူးနေကြပြီး၊ ပျက်စီးသွားသော ရှောင်းမိသားစုနှင့် ရှောင်းဇန်ဘေးတို့ကို မည်သို့ အပြစ်ပေးလိုသည်ကို မေးမြန်းကြသည်။ သို့သော် အကြီးအကဲရှောင်းက စွန့်လွှတ်ခဲ့ပြီးသား မိသားစုကိစ္စတွင် စိတ်မဝင်စားတော့ဘဲ မိမိနှင့် မဆိုင်တော့ကြောင်း ပြောကြားကာ အခြားသူများအား ကြည့်ရှင်းရန် လွှဲအပ်လိုက်သည်။ နောက်ဆုံးတွင် ရှောင်းဇန်ဘေးမှာ ဒန်ထျန်း (ကျင့်ကြံခြင်း စွမ်းအားဗဟို) ဖျက်ဆီးခံလိုက်ရပြီး ကျင့်ကြံသူ မဟုတ်တော့ဘဲ ဒုက္ခိတအဖြစ်သို့ ဆိုးရွားစွာ အပြစ်ပေးခံလိုက်ရတော့သည်။
အပိုင်း54ဆက်လက်ကြည့်ရှုပေးကြပါဗျ။