S.1အပိုင်း21/22/23ပြန်လည်ရှင်သန်ခြင်း၏ ကံကြမ္မာကိုပြန်လည်‌ရေးထိုးမည့်သူရဲကောင်း ချင်မော့

Image
  **ဇာတ်လမ်းအညွှန်း အကျဉ်းချုပ်**       ဆရာဖြစ်သူက ချင်မော့၏ ထူးကဲထက်မြက်လှသော ပါရမီနှင့် နတ်ဘုရားစွမ်းအင်များကို မည်သည့်ဒဏ်ရာမျှမရှိဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်စွမ်းအပေါ် အလွန်အမင်း အံ့ဩကျေနပ်နေပြီး ၎င်းအတွက် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ကာ ကာကွယ်စောင့်ရှောက်ပေးရန် ဝန်လေးမည်မဟုတ်ကြောင်း တွေးတောရင်း တပည့်ဖြစ်သူအား အစွမ်းကုန် စုပ်ယူအားဖြည့်ရန် အားပေးလိုက်သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နေစဉ်အတွင်း ချင်မော့သည် ပတ်လမ်းကြောင်း ၄၉ ပတ်ကို ကျော်လွန်ကာ စုစုပေါင်း ၈၁ ပတ်အထိ ပြည့်မီစေရန် ရည်မှန်းလုပ်ဆောင်နေသည်။ လက်ရှိတွင် "ကလီစာသန့်စင်အဆင့်" ၌သာ ရှိသေးသော်လည်း ၎င်း၏ စွမ်းအင်အငွေ့အသက်မှာ အပေါက်အဆုံဖွင့်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ထားလေလေ နောင်အနာဂတ်တွင် ပိုမိုဝေးကွာသည့် နယ်ပယ်များသို့ ရောက်ရှိနိုင်လေလေ ဖြစ်မည်ဟူသော အနာဂတ်အတွက် ပြင်ဆင်နေသည့် အရေးပါသော အခန်းတစ်ခန်း ဖြစ်ပါတယ်။

စစ်နတ်ဘုရား‌၏လက်စားချေခြင်း အပိုင်း39/40


အပိုင်း38အကျဉ်းချုပ်
အမှန်တကယ်တော့ ဂိုဏ်းမှာကျန်ရစ်ခဲ့သော ဂိုဏ်းချုပ်မှာ ဝိညာဉ်အသိဖြင့် ဖန်တီးထားသည့် ကိုယ်ပွားအတုသာ ဖြစ်ပြီး၊ ဂိုဏ်းချုပ် အစစ်အမှန်မှာ တပည့်ဖြစ်သူ၏ ဘေးတွင် အမြဲတမ်း ပါဝင်စောင့်ရှောက်ကာ မဟာအကြီးအကဲ၏ ကောက်ကျစ်စဉ်းလဲသော အကွက်များကို ကိုယ်တိုင်တပ်အပ် စောင့်ကြည့်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ်သည် တပည့်ဖြစ်သူ တိုက်ခိုက်စဉ် ထုတ်ဖော်သုံးစွဲခဲ့သည့် ဆန်းကြယ်သော ဓားကွက်များ အပါအဝင် အဖြစ်အပျက် အလုံးစုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် သစ္စာဖောက်၏ အကြံအစည်များလည်းပေါ်ပေါက်သွားကာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အပိုင်း39/40
မှာဆက်လက်အား‌ ပေးကြပါအုံးဗျာ။

Popular posts from this blog

သေဒဏ်ကျအကျင့်ထောင်ထဲကမျောက်မင်း တာ့ရှန့်အပိုင်း6

စစ်နတ်ဘုရား၏လက်စားချေခြင်း အပိုင်း69/70

စစ်နတ်ဘုရား၏လက်စားချေခြင်းအပိုင်း67/68